တံတားဦး ၂၀ နိုဝင်ဘာ
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးများကို ထုတ်ချေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ရေခါးကျေးရွာအုပ်စုကို ထုတ်ချေးပေးကြောင်း သိရသည်။
ဆောင်းသီးနှံများ ထုတ်ချေးပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးကြောခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်းတစ်ဦးနှင့် တစ်ဦး (၆)ပေကွာမှ အလှည့်ကျစနစ်ဖြင့် ထုတ်ချေးပေးပါကြောင်း ပြန်ဆပ်ရမည့် ကာလမှာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် နောက်ဆုံးပြန်ဆပ်ရမည်ဖြစ်ကြောင်း၊ တောင်သူများအား ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာတွင် စပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲ၊ အခြားသီးနှံ များကို တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်း ထုတ်ချေးပါကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာထံဦးဘုန်းမြင့်ထံမှ သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ကျေးရွာအုပ်စု(၃၆)အုပ်စု၊ ဆောင်းသီးနှံစိုက်တောင်သူ(၄၄၃၀)ဦးကို စိုက်ပျိုးစရတ်ချေးငွေကျပ်(၅၁၄၀၀) သိန်း ထုတ်ချေးပေးရန် လျာထားကြောင်း ယနေ့ထုတ်ချေးပေးသည့် ရေခါးကျေးရွာအုပ်စုတွင် တောင်သူပေါင်း(၆၆)ဦး၊ အခြားသီးနှံစိုက်ပျိုးရန် အတွက် ထုတ်ချေးငွေကျပ် (၄၆၁)သိန်း ဖြစ်ကြောင်းသိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)


