၂၀-၁၁-၂၀၂၀ ရက်၊ ဆိုးလ်

 

၁။ COVID-19   ကူးစက်ရောဂါ   ကာလအတွင်း၌ ကိုရီးယားသမ္မတနိုင်ငံတွင် သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၁၃) ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Crew Change Supporting Committee Myanmar တို့၏စီစဉ်မှုဖြင့် ၂၀-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)ဖြင့် အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့သည်။

 

၂။ အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၅:၄၅ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး  ကိုရီးယားနိုင်ငံမှ မြန်မာသင်္ဘောသား (၁၀၆) ဦး၊ ဩစတြီးယားမှ (၂)ဦး၊ အင်ဒိုနီးရှားမှ (၃)ဦးနှင့် စင်ကာပူမှ (၂)ဦး၊ စုစုပေါင်း (၁၁၃) ဦးတို့ စီးနင်းလိုက်ပါသွားသည်။

 

၃။ အဆိုပါခရီးစဉ်၌ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

#Ministry of Foreign Affairs Myanmar