ကိုင်ရို ၂၀ နိုဝင်ဘာ
အီဂျစ်နှင့် ရုရှားရေတပ်သည် Frendship Bredge-3 လို့အမည်ပေးထားတဲ့ သူတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြေထဲပင်လယ်ရှိ ရုရှားပိုင်နက်ရေပြင်မှာ နိုဝင်ဘာ ၁၉ ရက်မှစပြီး ပြုလုပ်နေပါတယ်လို့ အီဂျစ်တပ်မတော်က ပြောကြားပါတယ်။
အီဂျစ်စစ်သင်္ဘောတွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ အီဂျစ်နိုင်ငံ အလက်ဇန်ဒရီးယား ဆိပ်ကမ်းမြို့မှာရှိတဲ့ ရေတပ်စခန်းတစ်ခုကနေ ထွက်ခွာပြီး ရက်အနည်းငယ်အကြာမှ ရုရှားနိုင်ငံ နိုဗိုရိုစစ္စကီး ဆိပ်ကမ်းမြို့သို့ ရောက်ရှိခဲ့ပြီးနောက် အဲ့ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာပါ။ နှစ်နိုင်ငံရေးတပ်ဟာ အဲဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဒီနှစ်ကုန်အထိ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဲ့ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ အဓိကရည်ရွယ်ချက်မှာ အီဂျစ်နှင့် ရုရှားနှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက်ပဲ ဖြစ်ပါတယ်လို့ အီဂျစ်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ တာမာ အယ်လ် ရီဖိုင်းက ပြောကြားခဲ့ပါတယ်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ