တပ်ကုန်း     ၂၁     နိုဝင်ဘာ   

 

နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းဝတ်ဆင်သွားလာသည့် အလေ့အကျင့်ကောင်းများရရှိစေ ရန် ရည်ရွယ်၍ မြို့တွင်း လူစည်းကားရာနေရာများနှင့်အသွားအလာများသော နေရာများတွင်  ယနေ့ နံနက် ၈နာရီက နှာခေါင်းစည်းဝတ်ဆင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သည်။

 

ထိုသို့ နှာခေါင်းစည်းဝတ်ဆင်ရေးလှုပ်ရှားမှုများပြုလုပ်ရခြင်းကို နိုဝင်ဘာ ၂၁ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ မြို့တွင်းရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မဈေး၊ ယာယီပျံကျဈေးနှင့် မီးပွိုင့် လမ်းဆုံ၊ ကားဂိတ်၊ မြင်းလှည်းဂိတ်တို့တွင် နှာခေါင်းစည်းဝတ်ဆင်လာခြင်းမရှိသူများကို နှာခေါင်းစည်း ပေးကာ ဝတ်ဆင်စေခြင်း၊နှာခေါင်းစည်းဝတ်ပြီးမှ အိမ်ပြင်ထွက်ရန် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းဝတ်ဆင်သွား လာသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁)ဒေါ်နွယ်နွယ်အုန်းက ပြောပြသည်။

 

အဆိုပါ နှာခေါင်းစည်းဝတ်ဆင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အ သင်း၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဒို့တပ်ကုန်းပရဟိတအဖွဲ့ဝင်တို့ ပူးပေါင်း၍ နှာခေါင်း စည်း (Mask) (၁၂၀ဝ)ကျော်ကို (အခမဲ့)ဖြန့်ဝေကာ အပြင်ထွက်တိုင်း နှာခေါင်းစည်းဝတ်ဆင်ရေး လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်ဆက် )