တာမိုးညဲ ၂၁ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများ မရှိစေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းတို့ ပူးပေါင်းပြီး မြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ စည်ပင်သာယာ စျေးအတွင်း သွားလာနေသူများကို နှာခေါင်းစည်း၊ Face shield၊ အသိပညာပေး လိုက်လံ နှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်(၁၀) နာရီက အရှိန်မပျက်ဆောင်ရွက်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် မဖြစ်မနေလမ်းထွက် သွားလာမည်ဆိုပါက Mask၊ နှာခေါင်းစည်းများ တပ်ဆင်သွားလာဖို့၊ စျေးဝယ်တဲ့အခါ ပိုက်ဆံကိုင်ပြီးတိုင်း လက်ကိုစနစ်တကျဆေးကြောရန် စျေးများအတွင်းစျေးသည်၊ စျေးဝယ်များ တစ်ဦးနှင့်တစ်ဦး ၆ ပေ အကွာရောင်းဝယ်စေရေး၊ စျေးသည်များကလည်း Mask၊ Face shield၊ လက်အိတ်များဖြင့်သာ စျေးရောင်းဝယ်ကြရန် လိုက်လံနှိုးဆော်သလို အသိပညာပေးလက်ကမ်းများ ဖြန့်ဝေပြီး Mask (၇၀၀၀)၊ Face shield (၅၀၀)၊ အသိပညာပေး လက်ကမ်းစာစောင်(၅၀၀)တို့ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဌေးဌေးကြည် ပြန်/ဆက်


