ကောလင်း ၂၁ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ကားကြီးဝန်းတွင် ယာဉ်မောင်း/ ယာဉ်ကူများကို ကိုဗစ်-၁၉ ရောဂါပိုးရှိ / မရှိကို နိုဝင်ဘာ ၂၂ရက်နေ့ နံနက် ၈ နာရီတွင် RDT Kit ဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
RDT Kit နဲ့ စစ်ဆေးခံမည့်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား မူရင်း၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ မူရင်း၊ ယာဉ်မောင်းလိုင်စင်အနီ (c) လိုင်စင်ပါရှိရမည်ဖြစ်ပြီး ယာဉ်ကူများမှာ စပယ်ယာလိုင်စင် ပါရှိရမည်ဖြစ်သည်။ ထိုအချက်အလက်များပြည့်စုံမှသာလျှင် စစ်ဆေးပေးသွားမှာဖြစ်ပါကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


