ရေစကြို ၂၁ နိုဝင်ဘာ
ရေစကြိုမြို့နယ် အားကစားဝန်းအတွင်းရှိ ယာယီစျေးတွင် မြို့နယ် ကြက်ခြေနီအသင်းနှင့် ဗလငါးတန်သွေးလှူရှင် အသင်းတို့ပူးပေါင်း၍ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လက်သန့်ဆေး နှင့် Mask အခမဲ့ဖြန့်ဝေ ပေးခြင်းတို့ကို နိုဝင်ဘာ ၂၁ ရက်နံနက် ၇နာရီက စတင်၍ ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ယာယီစျေးတွင် မြို့နယ်ကြက်ခြေနီအသင်း၊ သူနာပြုတပ်ဖွဲ့ဝင်များ၊ ဗလငါးတန် သွေးလှူရှင်အသင်းဝင်များက စျေးရောင်း၊ စျေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လက်သန့်ဆေးဖြင့် လက်များ ဖျန်းပေးခြင်းနှင့် Mask မပါသူတို့ကို Mask များ တပ်ပေးခြင်းနှင့် ပြည်သူများကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့်အသိပညာနှင့် သွားလာနေထိုင်မှု သတိထားရန်လိုအပ်ကြောင်း Hand Speaker များဖြင့် အသိပေးနှိုးဆော်ဆောင်ရွက်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဌာဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးသန်း(ပြန်/ဆက်)


