တာလေ ၂၁ နိုဝင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့အတွင်း ပါဝင်သည့် လမ်းအပိုင်းမှပျက်စီးနေသည့် လမ်းနေရာများနှင့် ယာဉ်မတော်တဆမှုအဖြစ်များသည့် နေရာများ၊ ယာဉ်အဝင်အထွက်များသည့် လမ်းဆုံနေရာများအား ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် အများပြည်သူ တို့ ကားဆိုင်ကယ်များ ဘေးကင်းစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် သော်တာဝင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ နေ့စဉ် ပြန်လည်မွမ်းမံပြင်ဆင်လျက်ရှိရာ နိုဝင်ဘာလ ၂၀ ရက်က တာလေမြို့တွင်း လုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်ခွဲစည်ပင်သာယာရေးဌာနမှ  တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။

 

ယခုကာလသည် ပွင့်လင်းရာသီရောက်ပြီဖြစ်၍ မိုးသွင်းကာလက မိုးရွာသွန်းခြင်းကြောင့် လမ်းများပျက်စီးခဲ့ပြီး ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပေါ်ခဲ့ရာ ယခုတွင် ပျက်စီးနေသော လမ်းနေရာများ ပြန်လည်မွမ်းမံ ပြင်ဆင်လျက်ရှိရာ ယာဉ်များ ဘေးကင်းစွာ မောင်းနှင်သွားလာနိုင်ပြီဖြစ်ပြီး လမ်းဘေး ဝဲယာများတွင် လမ်းညွန်ဆိုင်းဘုတ် လမ်းညွှန်အမှတ်အသား တပ်ဆင်ခြင်း လုပ်ငန်းများလည်း စနစ်တကျဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမပေါ်ရှိ တာလေမြို့အတွင်းပါဝင်သည့် လမ်းအပိုင်းမှ ပျက်စီးနေသည့်လမ်းနေရာများနှင့် ယာဉ်မတော်တဆမှုအဖြစ်များသည့်နေရာများ၊ ယာဉ်အဝင်အထွက်များသည့် လမ်းဆုံ နေရာများအား ပြန်လည်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းကို တော်တာဝင်းဆောက်လုပ်ရေးကုမ္ပဏီက ဆောင်ရွက်လျက်ရှိပြီး လမ်း၏ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေးနှင့် ကား ဆိုင်ကယ်များ ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်သွားလာနိုင်ရေး စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

အောင်ကျော်မိုး (ပြန် / ဆက်)

 

mdn