နေပြည်တော် ၂၁ နိုဝင်ဘာ

ရှမ်းပြည်နယ်၊ သိန်းနီမြို့၊ အိုရီယမ်တယ်တိုးဂိတ်အနီး၌ နိုဝင်ဘာ ၂၀ ရက်က တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများနှင့် ကျောက်စိမ်းပုတီးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီတွင် သိန်းနီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အိုရီယမ်တယ်တိုးဂိတ်အနီး၌ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် လားရှိုးမြို့ဘက်မှ သိန်းနီမြို့ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေ ခိုင်ကို(၂၉)နှစ် မောင်းနှင်လာသော MDY CC/xxxx MARK II ယာဉ်အား စစ်ဆေးရာ ၎င်းယာဉ်မှ ရပ်တန့်ခြင်းမပြုဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ကွတ်ခိုင်မြို့အထွက် မိုင်တိုင်အမှတ် (၂၀၇/၄-၅)ကြားတွင် ဖမ်းဆီးရမိကြောင်း၊ ယာဉ်ပေါ်မှ ကျောက်စိမ်းတုံး အရွယ်အစားမျိုးစုံ (၁၉)တုံး၊ ကျောက်စိမ်းတုံးအသေး တစ်ထုပ်၊ အစိမ်းရောင်ပုတီးအရွယ်အစား မျိုးစုံပါ (၇၆)ထုပ်နှင့် အညိုရောင် ပုတီးအရွယ်အစားမျိုးစုံပါ (၁၇)ထုပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခိုင်ကိုအား သိန်းနီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား