နေပြည်တော် ၂၁ နိုဝင်ဘာ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်-နန့်မွန်းသွား ကားလမ်းပေါ်၌ နိုဝင်ဘာ ၂၀ ရက်က တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ဟိုပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဟိုပင်-နန့်မွန်းသွား ကားလမ်းပေါ်၌ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် နန့်မွန်းဘက်မှ ဟိုပင်ဘက်သို့ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာနေ မျိုးမြင့်ထွန်း (၂၈)နှစ် မောင်းနှင်လာသော 9E/xxxx PAJERO ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ (၃၄၂)တုံးပါ (၂၂)ထုပ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မျိုးမြင့်ထွန်းအား ဟိုပင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား