မြိုင် ၂၂ နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြိုင်မြို့နယ်အတွင်း နွေရာသီကာ ရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ထန်းဘုန်းတောကျေးရွာအုပ်စု၊ အောင်ချမ်းသာ ကျေးရွာ၌  အကျယ် ၄ လက်မ၊ အနက်ပေ ၇၆၀ ပေရှိ စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းတွင် ၄ လက်မ GI စကာပိုက် သုံးလုံး၊ ၄ လက်မ GI တွင်းကာပိုက် (၃၄)လုံး၊ စုစုပေါင်း ၃၇ လုံးအား ချရန်အတွက်  ဆောင်ရွက်နေမှုအခြေအနေများကို နိုဝင်ဘာလ ၂၁ ရက်က ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ခရိုင်းဦးစီးမှူး ဦးတင့်ဝေ၊ မြိုင်မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းစစ်ဆေးသည်။

 

mdn

 

ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည် ကျောက်ဆောက်ကျေးရွာတွင် စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကို  ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းထံမှ သိရသည်။

                       

ဇော်မင်းဌေး