ဆွမ်ပရာဘွမ်  ၂၂  နိုဝင်ဘာ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ / မရှိ စစ်ဆေးခြင်းကို နိုဝင်ဘာ ၂၁ ရက် မွန်းလွှဲ ၃ နာရီခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ မြို့နယ်အတွင်း လိုက်လံစစ်ဆေးခဲ့သည်။

 

စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခြင်း ရှိ / မရှိ၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/ မရှိ၊ မျက်နှာအကာ Face Shield များ တပ်ဆင်ခြင်း ရှိ /မရှိ၊ ခြောက်ပေခြားထားခြင်း ရှိ / မရှိ၊ လက်ဆေးဘေစင်ထားရှိခြင်း ရှိ/ မရှိ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီရောင်းချခြင်း ရှိ / မရှိ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များလိုက်နာမှု ရှိ/ မရှိ စသောအချက်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ လိုက်လံစစ်ဆေးခဲ့သည်။

 

အဆိုပါအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ပညာရေး၊ မြို့နယ်ပြန်/ဆက်တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကုဋေ(ပြန်/ဆက်)