(၂၂-၁၁-၂၀၂၀ ရက်၊ ဆိုးလ်)
COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကိုရီးယားနိုင်ငံ၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Crew Change Supporting Committee Myanmar ၏ စီစဉ်မှုဖြင့် ၂၂-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI) ဖြင့် အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်း ပြေးဆွဲပေးခဲ့ကြောင်း သိရပါသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၁၀ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား(၈၂) ဦး၊ ကာတာမှ (၁၅) ဦး၊ အာရပ် စော်ဘွားများပြည်ထောင်စုမှ (၂) ဦး၊ ထိုင်ဝမ်မှ (၁) ဦး၊ အီဂျစ်မှ (၆) ဦး၊ တူရကီမှ (၃) ဦး၊ စုစုပေါင်း (၁၀၉) ဦးတို့မှ စီးနင်းလိုက်ပါသွားခဲ့ကြောင်း သိရပါသည်။
လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
Crd - Ministry of Foreign Affairs Myanmar


