၂၃ နိုဝင်ဘာ

ယနေ့ မြန်မာစံတော်ချိန် (၀၀) နာရီ၊ (၅၈) မိနစ်၊ (၂၃) စက္ကန့် အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၄.၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

အဆိုပ်ငလျင်သည် ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဂန့်ဂေါ်မြို့၏ အရှေ့မြောက်ဘက် (၈)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၂၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၀၇)ဒီဂရီ၊ အနက်(၆၈) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားကြောင်းသိရသည်။