ဝါရှင်တန် ၂၃နိုဝင်ဘာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် အမေရိကန်၏ စီးပွားရေးကို ပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းခဲ့မှုနှင့် ကိုဗစ်-၁၉ ကူးစက်မှုကို တိုက်ဖျက်ရန် ၎င်း၏ အစိုးရအဖွဲ့က လှုပ်ရှားဆောင်ရွက်ခဲ့မှုကို အမွှမ်းတင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက်က ဂျီ-၂၀ ခေါင်းဆောင်များ အွန်လိုင်းထိပ်သီး အစည်းအဝေး ကျင်းပခဲ့မှုအတွင်း ထရမ့်က ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထိပ်သီးအစည်းအဝေးဖွင့်ပွဲနေ့တွင် သမ္မတ ထရမ့် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် အိမ်ဖြူတော်က ဖော်ပြချက်တစ်ရပ် ကို ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် သမ္မတထရမ့်က အမေရိကန် ပြည်ထောင်စုသည်ကပ်ရောဂါအကျပ်အတည်းကို တုံ့ပြန်ဆောင်ရွက်ရန်နှင့် နိုင်ငံ့စီးပွားပြန်လည်ထူထောင်ရန် လိုအပ်သည့် အရင်းအမြစ်မှန်သမျှကိုကောင်းစွာ စီမံထိန်းချုပ်ဆောင်ရွက်ခဲ့မှုကို ထရမ့်က အလေးပေးဖော်ပြ ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးနှင့် ရောဂါကုသနိုင်မည့် နည်းလမ်းများကို အကောင်အထည်ဖော်ရန် စံချိန်တင် လောက်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြောင်းကိုလည်း ထရမ့်က ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ