ရှမ်းရွာသစ် ၂၃ နိုဝင်ဘာ
ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်စေရန် ရည်ရွယ်ပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မြို့တွင်းစိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းတွင် ဒေသနေ ပြည်သူများအား ရေပေးဝေနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သိန်း ၁၆၀ ဖြင့် အရှည်(၃)မိုင်ရှိ ၃ လက်မပိုက်ဖြင့် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်းများ စနစ်တကျသွယ်တန်း ပြီးစီးပါက ဒေသနေပြည်သူများ အနေဖြင့် သောက်သုံးရေ များကို အခက်အခဲမရှိ အဆင်ပြေလွယ်ကူစွာ ရယူအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)


