နောင်ချို ၂၃ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရန် ပြည်သူများနေအိမ်တွင် နေထိုင်ရေးပန်ကြားချက်များအား အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေး မြို့တွင်းလှည့်လည်ဆော်သြခြင်းကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ နိုဝင်ဘာ(၂၂)ရက် ညနေ(၄)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များဖြစ်သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် အတူ မြို့နယ်ယာဉ်ကြီးကြပ်ရေး ကော်မတီတို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြစေရန်၊ မိမိတို့နေထိုင်ရာ နေအိမ်များတွင်သာ အတတ်နိုင်ဆုံး နေထိုင်ကြရန် မြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)


