ဆော ၂၃ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြည်သူ့ဆေးရုံ၊ Quarantine Centre နှင့် ကျန်းမာရေးစစ်ဆေးရေးဂိတ် နှစ်ခုသို့ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့နေ ဦးကျော်သူမင်း-ဒေါက်တာဆွေမာဇင် သမီး မဆောင်းဝတ်မှုန်ဦး မိသားစုမှ ငွေကျပ် (၅၆၂၀၀၀) တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုတွင် ဆောမြို့နယ် ပြည်သူ့ဆေးရုံ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေး Quarantine Centre ဖြစ်သည့် မိုးကုတ်ရိပ်သာနှင့် မြို့ဝင်/မြို့ထွက် ကျန်းမာရေးစစ်ဆေးဂိတ် နှစ်ခုတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် လက်သန့်ဆပ်ပြာရည် (၆၀၀မီလီ)ပါ ဘူး ၈၀၊ ရေမလိုလက်သန့်ဆေးရည်(၆၀၀မီလီ)ပါ ဘူး (၆၀)၊ ရေမလိုလက်သန့်ဆေးရည် (၁ လီတာ)ပါ (၂၄)ဘူး၊Surgical Mask အခု(၇၅၀)တို့အား အလှူရှင်များကိုယ်စား ဆရာမကြီး ဒေါ်သန်းသန်းထွေး (အောင်ကံ့ကော်ပညာရိပ်သာ)မှ ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)


