လှိုင်းဘွဲ   ၂၃    နိုဝင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စု ကပ္ပလီကျေးရွာတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံနှင့် အခြား အသုံး အဆောင် ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့က မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(ကပ္ပလီ)ရုံး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းပွဲတွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် သာယာကုန်း ကျေးရွာအုပ်စု ကပ္ပလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောရွှ ဘော်မှ PPE ဝတ်စုံ(၅)စုံ၊ surgical ဝတ်စုံအထည် (၃၀)၊ ခေါင်းစွပ်(၁)ထုပ်၊မျက်မှန်(၅)ခုနှင့် နှာခေါင်းစည်း N-95 (၅)ခုတို့ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကပ္ပလီ)ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)