၂၃ နိုဝင်ဘာ
တောင်ကိုရီးယား နိုင်ငံတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့ အတွင်းက ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၂၇၁ မှုရှိခဲ့ရာ ပြီးခဲ့သည့် ၂၄ နာရီနှင့် နှိုင်းယှဉ်ကြည့်လျှင် ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၃၁၀၀၄ ဉီး ရှိလာခဲ့ပြီ ဖြစ်သည်။
ခြောက်ရက်အတွင်း ကူးစက် ၃၀၀ အောက် ကျဆင်းသွားခဲ့သော်လည်း ဆိုးလ်နှင့်၎င်း၏ အနီးဝန်းကျင်ရှိ ဂျောင်ဂီပြည်နယ်တို့တွင် အစုလိုက်အပြုံလိုက် ကူးစက်မှုများကြောင့် ၁၆ ရက်အတွင်း ကူးစက်မှုနှုန်း သုံးဆထိ တိုးမြှင့်လာခဲ့သည်။
ကူးစက်သူခံရအသစ် ၁၀၉ ဉီးမှာ ဆိုးလ်တွင် နေထိုင်သူ ၇၄ ဉီးဖြစ်ပြီး ကျန်ကူးစက်မှုများမှာ ဂျောင်ဂီပြည်နယ်မှ ဖြစ်သည်။
၁၆ ဉီးမှာ ပြည်ပမှ ရောက်ရှိလာသူများဖြစ်ပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်မှု ၄၄၂၄ ဉီး ရှိပြီဖြစ်သည်။
နောက်ထပ် သေဆုံးသူ လေးဉီးကို အတည်ပြုခဲ့ပြီးနောက် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၅၀၉ ဉီးရှိပြီဖြစ်သည်။ စုစုပေါင်းလူနာ ၇၃ ဉီးမှာ ဆေးကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာခဲ့ပြီး ကျန်းမာလာသူများမှာ ၈၅ ဒသမ ၆၀ ရာခိုင်နှုန်းရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
