ကြံခင်း    ၂၃    နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ Mask&Face  Shield Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် (၈)နာရီက ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မဈေးတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် လူမှုရေးအသင်းတို့ ပူးပေါင်းပြီး အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ကြံခင်းမြို့နေ ပြည်သူများအား ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ် များပြား လာချိန်တွင် နေအိမ်ပြင်ပ ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ လူစုလူဝေး ရှောင်ရှားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြည်သူများ သိရှိစေရန် ကျန်းမာရေးဦးစီးဌာနမှ Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် Mask&Face Shield Campaign ပြုလုပ်ပြီး ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

မိုးမိုး(ပြန်/ဆက်)