(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ  ၂၃  ရက်)        (မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

 

 (က) မုန်တိုင်းငယ်အခြေအနေ

 

 (၁) ယနေ့မြန်မာစံတော်ချိန်(၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

 

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည်  အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီ (Puducherry)မြို့၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် (၃၁၅) မိုင်ခန့်နှင့် ချင်းနိုင် (Chennai)မြို့၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် (၃၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦး တည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

 

(ခ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 

အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု (၉.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၅)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀ဝ၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။

 

mdn

 

(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

 

အဆိုပါ မုန်တိုင်းငယ်(Depression)သည် နောက် (၁၂) နာရီအတွင်း အား ကောင်းသော မုန်တိုင်းငယ်အဖြစ်သို့လည်ကောင်း၊ နောက် (၂၄) နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ လည်ကောင်း ရောက်ရှိနိုင်ပြီး၊ အနောက် မြောက်ဘက်သို့ ရွေ့လျားကာ၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊

တမီးလ်နာဒူး (Tamil Nadu) ကမ်းခြေနှင့် ပူဒူချယ်ရီ(Puducherry) ကမ်းခြေအနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင် သည်ဟု ခန့်မှန်းရပါသည်။

 

Crd -မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန