ရန်ကုန်    ၂၃    နိုဝင်ဘာ  

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ (၆၅)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၂) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center(၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၂)သို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူဖြစ်သော အင်းစိန်မြို့နယ်၊ ရွာမအနောက် ရပ်ကွက်မှ (၁၇)ဦး၊ဖော့ကန်ရပ်ကွက်မှ (၁၀)ဦး၊ကမ်းနားအလယ်ရပ်ကွက်မှ (၁၀)ဦး၊ ရွာမအရှေ့ ရပ်ကွက်မှ (၉)ဦး၊ စော်ဘွားကြီးကုန်း ရပ်ကွက်မှ (၇)ဦး၊ စဉ့်ငူရပ်ကွက်မှ (၆)ဦး၊အောင်ဆန်း ရပ်ကွက်မှ (၄)ဦး၊မြို့သစ်(ဂ)ရပ်ကွက်မှ (၁)ဦး၊တညင်းကုန်းရပ်ကွက်မှ (၁)ဦး စုစုပေါင်း (၆၅)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတ အဖွဲ့များနှင့် လူမှုကူညီရေးအသင်းများမှ  တာဝန်ရှိသူများက သက်ဆိုင် ရာ Quarantine Centerသို့ အသီးသီးပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)