ဖလမ်း  ၂၃   နိုဝင်ဘာ  

 

ဖလမ်းမြို့ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ကုမ္ပဏီဝန်ထမ်း တစ်ဦးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခွဲက ဆေးရုံမှ ဆင်းခွင့်ပြုကြောင်း သိရသည်။

 

mdn

 

ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာသည့် ဆေးလိပ်ကုမ္ပဏီဝန်ထမ်းနှစ်ဦးသည် နိုဝင်ဘာလ ၉ ရက်နေ့ ညနေက ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ Antigen Test Kit ဖြင့် စစ်ဆေးရာတွင် ကုမ္ပဏီဝန်ထမ်း တစ်ဦးတွင် ရောဂါပိုး တွေ့ရှိပြီး ကျန်တစ်ဦးတွင် ရောဂါပိုး တွေ့ရှိခြင်းမရှိကြောင်းသိရသည်။ ရောဂါပိုးတွေ့ရှိသည့် ကုမ္ပဏီဝန်ထမ်းသည် ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး Isolation Ward တွင် ဆေးကုသမှုခံယူပြီး ကျန်တစ်ဦးသည် ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်း၌ Facility Quarantine ဖြင့် အသွားအလာ ကန့်သတ်ထားခြင်းဖြစ်သည်။

 

အဆိုပါ ကုမ္ပဏီဝန်ထမ်းတစ်ဦးသည် အသက်(၃၀)အရွယ်ရှိ ကလေးမြို့နယ်အတွင်း နေထိုင်သူ ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး Isolation Ward ၌ ပိုးတွေ့လူနာ(၃)ဦးရှိကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်