နေပြည်တော် ၂၃ နိုဝင်ဘာ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ၊ မူဆယ်မြို့နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရွှေလီ (ကျယ်ဂေါင်) တို့တွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အလှည့်ကျရောက်သည်။ သို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် လက်ခံကျင်းပရန် မဖြစ်နိုင်သောကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ Online စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ယခုနှစ်တွင် (၁၉)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး “Online” ကုန်စည်ပြပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ Myanmar Online Expo Park Platform တွင် ပြခန်းပေါင်း (၆၀) ဖြင့် Online မှ တည်ဆောက်ခင်းကျင်း ပြသသွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်ထားကြောင်းနှင့် ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ နေပြည်တော် ဖုန်း-၀၆၇၃၄၀၈၆၂၂ / ၀၆၇၃၄၀၈၆၂၃၊ Email- [email protected], [email protected] နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန၊ ရန်ကုန်မြို့ ဖုန်း-၀၁-၃၈၅၃၂၃/ ၀၁-၃၈၅၃၃၆ ၊ Email - [email protected], [email protected] တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သိရသည်။

သတင်းစဉ်