ကွန်ဟိန်း ၂၄ နိုဝင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁   ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေများဖြင့် ဖန်လန်း၊ ဝမ်ပန်၊ ဝမ်ဆတ်ကျေးရွာသုံးရွာရှိလယ်ယာမြေဧက ၁၅၀၀ကျော်မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ် လမ်းသုံးလမ်း ဖောက်လုပ်သွားမည်ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဖန်လန်းကျေးရွာတွင် လမ်းအရှည် အကျယ်၃မိုင် ၁၂ပေ ထု မြေသား ၂ပေ ဗြုန်းကျောက် ၆ လက်မခင်းခြင်းလုပ်ငန်း၊ ဝမ်ပန်ကျေးရွာတွင် လမ်းအရှည် ၃မိုင် အကျယ် ၁၂ပေ ထု မြေသား ၂ပေ ဗြုန်းကျောက် ၆လက်မခင်းခြင်းလုပ်ငန်း၊ ဝမ်ဆတ်ကျေးရွာတွင် လမ်းအရှည် ၁မိုင် ၄ဖာလုံ အကျယ် ၁၂ပေ ထုမြေသား ၂ပေ ဗြုန်းကျောက် ၆လက်မခင်းခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ ရှမ်းပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၈၈ သန်းကျော်ဖြင့်တင်ဒါ အောင်မြင်သော ကုမ္ပဏီများမှ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာသုံးရွာရှိ ကုန်ထုတ်လမ်းသုံးလမ်း ဖောက်လုပ်ပြီးစီးသွားပါက လယ်ယာမြေဧက ၁၅၀၀ကျော်မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိတော့မည်ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ဆူးက ပြောပြ၍ သိရသည်။

 

ငြိမ်းသူ