မုဒုံ  ၂၄ နိုဝင်ဘာ

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း stay at home နေထိုင်သော မိဘပြည်သူများအနေဖြင့် ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာရေး လိုက်စားသူများ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် Physical Fitness Dance အား Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

 

“အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ အားကစားလူငယ်များ အားကစားနှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်အတွင်းပြိုင်ပွဲများ၊ ပြည်နယ် အဆင့်ပြိုင်ပွဲများကို ယခင်နှစ်များတွင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် အားကစားပြိုင်ပွဲများကို ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် ကျန်းမာကြံ့ခိုင်ဖို့ Physical Fitness Dance ကို Online မှတစ်ဆင့် တနင်္လာနေ့မှ သောကြာနေ့အထိ ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ Online ပြိုင်ပွဲများတွင်လည်း စိတ်ပါဝင်စားသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း” မြို့နယ်အားကစားမှူး ဒေါ်နွယ်နီစံက ပြောသည်။

 

လှုပ်လှုပ်ရှားရှား လူထုအားကစား Physical Fitness Dance Online Challenge ပြိုင်ပွဲတွင် မုဒုံမြို့နယ်  ကိုယ်စားပြုအနေဖြင့် စိတ်ပါဝင်စားသော ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူများ (၃၅)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း    မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)