ငါးသိုင်းချောင်း   ၂၄  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ရှိ အပေါင်ဆိုင်တစ်ဆိုင်က  ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက် ဘုရင်နောင်လမ်း လိုင်စင်ရအပေါင်ဆိုင်မှပေါင်ထာသော စက်ဘီးနှင့် ဆိုက်ကားများအား  Covid-19 ကာလထောက်ပံ့သည့်အနေဖြင့် မိမိတို့ပေါင်ထားသော ဘောင်ချာများပြပြီး အလကား လာရောက်ပြန်ယူပါရန် ၎င်းဆိုင်ပိုင်ရှင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

ဆိုင်ပိုင်ရှင်မှာ ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ဖွင့်လှစ်ထားသော အပေါင်ဆိုင်ဖြစ်ပြီး ကိုဗစ်ကာလ အခြေခံလူတန်းစားများကို ထောက်ပံ့သည့်အနေဖြင့် ဆိုင်တွင်လာရောက် ပေါင်နှံထားသည့် စက်ဘီးနှင့်ဆိုက်ကားများကို အခမဲ့ပြန်ပေးခြင်း ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်ထံမှ သိရသည်။

 

ကိုဗစ်ကာလမှာ ထောက်ပံ့တဲ့အနေနဲ့ ဆိုင်မှာပေါင်ထားတဲ့ စက်ဘီးနှင့်ဆိုက်ကားကို အပေါင်လက်မှတ်ပြပါက အခမဲ့ ပြန်ပေးတာပါလို့ ဆိုင်ရှင်ဖြစ်သူက ပြောသည်။ ၎င်း၏ဆိုင်တွင် လာရောက်ပေါင်နှံထားသည့် စက်ဘီးနှင့်ဆိုက်ကားစီးရေ ၈၀ ကျော်ရှိကြောင်း ဆိုင်ရှင်ဖြစ်သူ  ဒေါ်ခင်မာကြူထံမှ သိရသည်။

 

ဆန်းတင့် (ရေကြည်)