မင်းတပ် ၂၄   နိုဝင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ချင်းပြည်နယ်၊      မင်းတပ်ခရိုင် ၊ မင်းတပ်မြို့တွင် WSAPစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် စွန်တောင် ကျေးရွာ ရေပေးရေးလုပ်ငန်း ပြီးစီးမှုအခြေအနေကိုနိုဝင်ဘာလ (၂၃) ရက်  နံနက်ပိုင်းက မင်းတပ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခိုင်ထွန်းနှင့် မင်းတပ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းတွေက  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

အဆိုပါ စွန်တောင်ကျေးရွာကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် WSAP စီမံကိန်းဖြင့် ကုန်ကျငွေ (၅၆.၅၅၁) ကျပ်သန်းနှင့် (၄)မိုင် အရှည် ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဂါလန် (၁၀ဝ၀ဝ)ဆံ့ ရေလှောင် ကန် တည်ဆောက်ခြင်း လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ စွန်တောင် ကျေးရွာ၏ အိမ်ခြေ(၆၀)၊ လူဦးရေ(၂၇၂)တို့အတွက် သောက်သုံးရေ ဖူလုံစွာရရှိနေပြီဖြစ်ကြောင်း မင်းတပ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခိုင်ထွန်းထံမှ သိရသည်။

 

နော်သူလင်း(ဆော)