မြစ်သား ၂၄ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပပြီးခဲ့၍ မဲရုံများတွင် အသုံးပြုခဲ့သော မဲပုံးနှင့်ဆက်စပ် ပစ္စည်းများကို နိုဝင်ဘာလ ၂၄ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံသို့ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အထွေထွေရွေးကောက်ပွဲတွင် ထုတ်ယူအသုံးပြုခဲ့သော မဲပုံး၊ ခြင်းတောင်း၊ ဆန္ဒပြုခန်း၊ ချိတ်ထိုး၊ တံဆိပ်တုံး၊ အမှန်ခြစ်တံဆိပ်တုံး၊ ချိတ်တောင့်၊ မှင်အုံးနှင့် အခြားမဲရုံသုံးပစ္စည်းများ၊ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် (PPE)ဝတ်စုံများကို စနစ်တကျလာရောက်အပ်နှံခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက မဲရုံသုံးပစ္စည်းများကို ပျောက်ဆုံး ပျက်စီးမှုမရှိစေရေး အတွက် စနစ်တကျ လက်ခံရယူလျက်ရှိကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)


