ပခုက္ကူ   ၂၅ နိုဝင်ဘာ  

ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စုကန်ပေါက်စုကျေးရွာ တောင်သူ ဦးမင်းအောင်၏ ဆောင်းနှမ်းစိုက်ခင်းတွင် ရိတ်ထုံးစက် အသုံးပြု၍ ယမန်နေ့နံနက်ပိုင်းက  ရိတ်သိမ်းခဲ့သည်။

 

အဆိုပါ နှမ်းရိတ်ထုံးစက် အသုံးပြုဆောင်ရွက်ရာသို့ ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဦးစန်းလွင်နှင့် တာဝန်ရှိသူများက ဒေသတွင်း အသုံးပြုမှုကျယ်ပြန့်စွာ အသုံးပြုလာစေရေး လေ့လာကြည့်ရှု အားပေးသည်။

 

ရိတ်ထုံးစက်မှာ တန်ဖိုးကျပ် ၁၃၅ သိန်းခန့်ကုန်ကျပြီး တစ်ရက်စက်အသုံးပြု ရိတ်သိမ်းပါက ၈ ဧက ခန့်ပြီးစီးကြောင်း ရိတ်သိမ်းမှုနှင့်အတူ ထုံးပြီး(နှမ်းစည်း) ဖြစ်သည့်အတွက် လုပ်ငန်းတွင်ကျယ်ကြောင်း လူနှင့်ရိတ်သိမ်းပါက တစ်ဧက ငွေကျပ် သုံးသောင်းခန့် ကုန်ကျပြီး စက်ဖြင့်ရိတ်သိမ်းပါက  တစ်ဧကငွေကျပ် နှစ်သောင်းခွဲခန့်သာ ကုန်ကျကြောင်း စက်ပိုင်ရှင်တောင်သူ ဦးမင်းအောင်၏ ပြောကြားချက်အရ သိရသည်။

 

ရိတ်ထုံးစက်သည် နှမ်းသာမက စပါးနှင့် နှံစားပြောင်းခင်းများပါ အသုံးပြုနိုင်ကြောင်း သိရသည်။

ကိုဇော်(ပြန်/ဆက်)