နန်းယွန်း ၂၅ နိုဝင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ၄၁၆ ဒသမ ၈ သန်းဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း-ပန်ဆောင်လမ်းပိုင်းအတွင်းရှိ ကျောက်ခင်းလမ်း ၅ မိုင်၊ အဆင့်မြှင့်တင်မည့် လုပ်ငန်းအား နန်းယွန်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်နှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းအား ဆောင်ရွက်ပြီးပါက နန်းယွန်းမြို့နယ်နှင့် ပန်ဆောင်မြို့ရှိ အိမ်ခြေ ၄၁၅၉ အိမ်၊ လူဦးရေ ၂၄၈၀၀ တို့၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးတို့အတွက် အကျိုးပြုမည်ဖြစ်ပါကြောင်း သိရသည်။
မွှေးကြူဇင်


