၂၅ နိုဝင်ဘာ

လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၅  ရက် နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ တက်ရောက်အမှာစကား ပြောကြားသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် သမဝါယမ ဦးစီးဌာနများမှ ဌာနမှူးများ၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမ အသင်းစုချုပ်များ၊ မြို့နယ်သမဝါယမ အသင်းစုများမှ တာဝန်ရှိသူများ စုံညီစွာတက်ရောက်ခဲ့သည်။

 

a1

 

ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာ၌ သမဝါယမ အသင်းသားတောင်သူများ လိုအပ်လျက်ရှိသော လယ်ယာသုံး စက်ကိရိယာများကို ဈေးနှုန်းအသက်သာဆုံးနှင့် ကာလရှည် အရစ်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဝယ်ယူရာတွင် အသင်းသားများ၏ လက်ဝယ်အရောက်  Running Condition နှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ အခက်အခဲများအပေါ် ဝိုင်းဝန်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ကာလအတွင်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ  New Normal Life ပုံစံနှင့် လုပ်ငန်းများအား လုပ်ဆောင်သွားကြရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
    
သမဝါယမဦးစီးဌာန