နေပြည်တော် ၂၅ နိုဝင်ဘာ
မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၂၀)အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးကို တက်ရောက်လာကြသည့် မြန်မာနိုင်ငံ စာရင်း ကောင်စီဝင်များက ကောင်စီ၏ ၁/၂၀၁၉ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ပြင်ဆင်သည့်ကောင်စီဥပဒေအား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုမှု၊ နည်းဥပဒေမူကြမ်းရေးဆွဲမှု၊ အလုပ်အမှု ဆောင်အဖွဲ့နှင့် ကော်မတီများ ပြန်လည်ဖွဲ့စည်းမှု၊ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ ရုံးအမိန့်များ၊ အစည်းအဝေး/ Seminar/ Workshop ကျင်းပမှု၊ အပြည်ပြည်ဆိုင်ရာ စာရင်းပညာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင် အသင်း၏ လုပ်ငန်းဆောင်ရွက်မှု၊ အစိုးရကဏ္ဍ စာရင်းလုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသည့် စာရင်းပညာရှင်၊ စာရင်းကျွမ်းကျင်သူအင်းအားနှင့် ကောင်စီရုံးမှတ်တမ်းများအရ ပုဂ္ဂလိကကဏ္ဍ စာရင်းနယ် ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသည့် စာရင်းပညာရှင်များ၏ အင်အားအခြေအနေနှင့် စာရင်းကောက်ယူမည့် အခြေအနေတို့ကို တင်ပြဆွေးနွေးကြသည်။
ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် က လုပ်ငန်းတာဝန်များ ပြည့်မြောက်အောင်မြင်စေရေး၊ နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် စာရင်းပညာ ဖွံ့ဖြိုးရေးတို့အတွက် ကောင်စီဝင်များအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းကြိုးပမ်းကြရန် မှာကြားသည်။
သတင်းစဉ်


