ကလိန်အောင် ၂၅ နိုဝင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ရာဖူးကျေးရွာအတွင်းသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်မှ ထွက်ခွာလာကြသည့် ခရီးသည် ၂၀ အား မလွှဲတောင်စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစစ်ဆေးမှု မခံယူစေဘဲ ရှောင်ကွင်းလမ်းမှ သွားရောက်ခေါ်ဆောင်သူ ယာဉ်မောင်းနှစ်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ကလိန်အောင်မြို့ ရာဖူးကျေးရွာသို့ ယာဉ်မောင်း သူရဦး အသက် ၃၀၊ ရေပုံးရပ်ကွက်၊ မြိတ်မြို့နေသူက ယာဉ်အမှတ် 6N/---- ဖြင့်လည်းကောင်း၊ ယာဉ်မောင်း ဇော်မင်းသန်း၊ အသက် ၄၅ နှစ်၊ ကံကြီးသာကေတရပ်၊ မြိတ်မြို့နေသူက  ယာဉ်အမှတ် TNI1K/---- ဖြင့်လည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့မှ ခရီးသည် ၂၀ အား သွားရောက်ခေါ်ဆောင်ခဲ့ပြီး ရာဖူးကျေးရွာမှတဆင့် ဘုတ်ပြင်းမြို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။  အဆိုပါ ယာဉ်မောင်းနှစ်ဦးနှင့် ခရီးသည် ၂၀ တို့အား ကလိန်အောင်မြို့ ဆံတော်ရှင် Quarantine စခန်း၌ ထားရှိပြီး ယာဉ်မောင်း နှစ်ဦးအား ရေဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အတွင်းအရေးမှူး ဦးမြသိန်းထွန်းက ကလိန်အောင် နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ ကလိန်အောင်နယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဒေါ်မိုးမိုးခိုင် (ကလိန်အောင်၊ပြန်/ဆက်)