သုံးခွ  ၂၆  နို၀င်ဘာ

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မုဒိတာကျေးရွာတွင် အမျိုးသား တီဘီတိုက်ဖျက်ရေး စီမံကိန်း(ဗဟိုရန်ကုန်ရုံးခွဲ) တိုင်း တီဘီအထူးကု ဆရာဝန် ဒေါက်တာမြတ်မြတ်မိုး ဦးဆောင်သောအဖွဲ့က တီဘီရောဂါကင်းစင်စေရေးအတွက် ရွေလျားဓာတ်မှန်စက်(TB Mobile Team)ဖြင့် တီဘီရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ယင်းသို့ကွင်းဆင်း စစ်ဆေးရာတွင် နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိမြို့ ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် တီဘီရောဂါပိုး ရှိ၊ မရှိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၄.၁၁.၂၀၂၀ ရက်နေ့တွင် ဖရုံကန်ကျေးရွာ၊ ၂၅.၁၁.၂၀၂၀ ရက် နေ့တွင်မုဒိတာ ကျေးရွာ၌စစ်ဆေးပေးခြင်းဖြစ်ပြီး ၂၆.၁၁.၂၀၂၀ရက် နေ့တွင် သုံးခွမြို့ပေါ်ရှိ အမှတ် ၈ ရပ်ကွက်၊ အမှတ် ၉ ရပ်ကွက်၊ အမှတ် ၁၀ ရက်ကွက် အတွင်းရှိ ပြည်သူများအား အ.ထ.ကမြို့မကျောင်းနှင့် ၂၇.၁၁.၂၀၂၀ရက် နေ့တွင် ပုလဲစံပြကျေးရွာ အ.ထ.ကကျောင်းတို့တွင် တီဘီရောဂါပိုး ရှိ၊ မရှိစစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ခွဲ၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁)ဦးအောင်ဇော်ထက်က ပြောကြားခဲ့သည်။

 

အဆိုပါ တီဘီရောဂါ စမ်းသပ်စစ်ဆေးပေးမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်၀င်းသန်းနှင့် တာ၀န်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စည်သူလင်း (ပြန်/ဆက်)