နေပြည်တော်  ၂၆  နိုဝင်ဘာ

မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင် ဖြစ်သော ပန်းတမော့နှင့် ပန်းပွတ် အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်)(၂)မျိုးအား နိုဝင်ဘာလ (၃၀)ရက်၊ မြန်မာ သက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ဆောင်းမုန်း လပြည့်ကျော်(၁)ရက် (တနင်္လာနေ့)၊ နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွား မည်ဖြစ်သည်။

 

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် နိုဝင်ဘာ (၃၀) ရက်တွင် ဝယ်ယူသောစာပို့တံဆိပ်ခေါင်းများနှင့် ပထမ နေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်  ဖြစ်ပြီး မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)ပြည့်အခမ်းအနား အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော ရုပ်လုံးကြွဒီဇိုင်း ကတ်တို့အား တစ်ပါတည်း ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

 8.Pan Put.jp