၂၆ နိုဝင်ဘာ
COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအရပ်ရပ်၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၂၁) ဦးအတွက် Crew Change Supporting Committee Myanmar ၏ စီစဉ်မှုဖြင့် နိုဝင်ဘာ ၂၆ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)ဖြင့် အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့သည်။
အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၅:၄၈ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာသင်္ဘောသား (၆၂) ဦး၊ ဂျပန်မှ (၂၅)ဦး၊ မလေးရှားမှ (၁၃)ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စုမှ (၃)ဦး၊ ဘင်္ဂလားဒေ့ရှ်မှ (၃)ဦး၊ ကာတာမှ (၁)ဦး၊ စင်ကာပူမှ (၁၂)ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁)ဦး၊ ပြင်သစ်မှ (၁)ဦး၊ စုစုပေါင်း (၁၂၁)ဦးတို့မှ စီးနင်းလိုက်ပါခဲ့ကြပါသည်။ လိုက်ပါမည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
#နိုင်ငံခြားရေးဝန်ကြီးဌာန


