လှိုင်းဘွဲ   ၂၇  နိုဝင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာများတွင် ကြံစိုက်ခင်းများ စိုက်ပျိုးခြင်းကို အများအပြား စိုက်ပျိုးလျက် ရှိရာ နောကောကျေးရွာအုပ်စု လက်ခတ်ကျေးရွာတွင် မိသားစုတစ်ပိုင် စီးပွားဖြစ်စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

 

နောကောကျေးရွာအုပ်စု လတ်ကျေးရွာနေ ကြံစိုက်တောင်သူ ဦးမြသိန်း၏ ကြံစိုက်ခင်းသည် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန နည်းပညာပေး အကူအညီဖြင့် 94/95 ကြံမျိုးကို အချောင်းလိုက် စိုက်ပျိုးထားခြင်းဖြစ်ပြီး ကြံများကို အချိန်အခါအလိုက် ရေသွင်းခြင်း၊ ပိုးမွှားအန္တရာယ် ကျရောက်မှုအန္တရာယ် မရှိစေရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရပြီး (၁၀)လအကြာတွင် ကြံများကို ခုတ်သိမ်းခဲ့ကြောင်း သိရသည်။

 

ကြံကို 94/95 ကြံမျိုးကို စိုက်ပျိုးပါတယ်၊ (၁၀)ဧကကျော် တန်(၃၀)ကျော်ရှိတယ်၊ ပြာသိုလက စတင်စိုက်ပျိုးပြီး ယခုဆိုရင် ခုတ်သိမ်းနေပြီး၊ (၁၀)ဧကလျှင် ကြံသကာထုပ်(၁)သောင်းကျော် ရရှိပြီး တစ်ထုပ်ကို ဈေးနှုန်းက(၈၀၀)ကနေ (၁၂၀၀)ဈေးနှုန်း ရတယ် ပိုမှန်လာဝယ်တဲ့သူရှိတဲ့အတွက် အဆင်ပြေပါတယ် ဟု ကြံစိုက်တောင်သူ ဦးမြသိန်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)

 

 viber_image_2020-11-