၂၇ နိုဝင်ဘာ

 

အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့အကြား ပထမဆုံးပုံမှန်လေကြောင်းခရီး ပျံသန်းမှုသည် နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုပိုမိုနီးကပ်စွာစတင်လုပ်ဆောင်သည့် လက္ခဏာပြသခြင်း ဖြစ်သည်။

 

ယူအေအီးနိုင်ငံ၏ ကုန်ကျစရိတ်သက်သာသည့် ဒူဘိုင်းလေကြောင်းလိုင်းသည် စတင်ပျံသန်းမည့် ပထမဆုံးလေကြောင်းလိုင်းဖြစ်သည်။

 

ထိုလေကြောင်းလိုင်းသည် နှစ်နိုင်ငံအကြား နေ့စဉ်နှစ်ကြိမ်ပျံသန်းမည် ဖြစ်သည်။

 

အဆိုပါ ပထမဆုံးလေကြောင်းလိုင်းသည် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယမန်နေ့ညနေပိုင်းက ဆိုက်ရောက်ခဲ့သည်။

 

နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေးရရှိရန် စက်တင်ဘာလတွင် အမေရိကန်က ညှိနှိုင်းသဘောတူညီမှုရရှိပြီးနောက် ယင်းလေကြောင်းလိုင်း ပျံသန်းမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

၎င်းသဘောတူညီချက်သည် ပါလက်စတိုင်းအရေးကိစ္စနှင့်ပတ်သက်ပြီး အစ္စရေးနှင့် အာရပ်နိုင်ငံများအကြား စိတ်ဝမ်းကွဲမှု အဆုံးသတ်သွားသည်။

 

အခြားအာရပ်နှစ်နိုင်ငံဖြစ်သော ဘာရိန်းနှင့်ဆူဒန်နိုင်ငံတို့ကလည်း အစ္စရေးနှင့်ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် မကြာသေးမီကပင် သဘောတူညီခဲ့ကြသည်။

 

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ကလည်း ယင်းတိုးတက်မှုများကို ထောက်ခံခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို