၂၇ နိုဝင်ဘာ
ကိုလံဘီယာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်တိုက်ဖျက်ရန် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိ သုံးလကြာသက်တမ်းတိုးမြှင့်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း မီဒီယာ၏ဖော်ပြချက်အရ သိရသည်။
ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်းတိုးမြှင့်မည် ဟု ညပိုင်းရုပ်မြင်သံကြားအစီအစဉ်တွင် ပြောကြားခဲ့သော ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူး၏ ပြောကြားချက်ကို မီဒီယာက ကိုးကားဖော်ပြထားသည်။
ထို့နောက် သမ္မတက ကိုဗစ်-၁၉ ရောဂါ ဒုတိယကူးစက်မှုကို တတ်နိုင်သမျှရှောင်ရှားရန် လုံခြုံရေးဆိုင်ရာ အစီအမံများကို အသုံးပြုရန်နှင့် လူစုလူဝေးများကို ရှောင်ရှားရန် ပြည်သူများကို တိုက်တွန်းပြောကြားခဲ့သည်။
ကိုလံဘီယာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၂၇ သန်းကျော် ရှိပြီး သေဆုံးသူ ၃၆၀၀၀ နီးပါးရှိသည်။
နိုင်ငံတွင် တစ်နှစ်ခွဲနီးပါး သီးသန့်ကန့်သတ်ထားမှုကို အစောပိုင်းက ဖြည်းဖြည်းချင်း ဖြေလျှော့ပေးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို