ရေး ၂၇ နိုဝင်ဘာ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီက မဖြစ်မနေ လမ်းထွက်သွားလာနေကြသူများအား နှာခေါင်းစည်းတပ်ဆင်ရေး မတ်ကမ်ပိန်းလှုပ်ရှား ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ နိုဝင်ဘာလ (၂၇)ရက်နေ့အထိ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နံနက် (၇) နာရီမှ နံနက်(၉) နာရီအထိ ရေးမြို့ ရန်ကြီးအောင်ရပ်ကွက် ရှိ မြသီတာဈေးအရှေ့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အောင်သီတာဈေး (ရွာကလေးဈး)၊ သီရိမာလာရပ်ကွက်ရှိ ဗိုလ်ချုပ်ဈေး (မြို့သစ်ဈေး) တို့၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကမ်ပိန်းပြုလုပ် ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာမျိုးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ၊ ဈေးဝယ်သူ/ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများအား နှာခေါင်းစည်း အခမဲ့တပ်ဆင် ပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ရေးမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများကို ကဏ္ဍစုံက စုပေါင်းလှုပ်ရှား ဆောင်ရွက်လျက်ရှိရာ ပြည်သူများ မဖြစ်မနေ လမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ကာ ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီး စည်းကမ်းတကျ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် တပ်ဆင်ကြရန်၊ အသုံးပြုပြီး မတ်များကို စနစ်တကျ စွန့်ပစ်ကြရန်၊ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများက ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြသီတာဈေးအရှေ့တွင် မတ် (၄၄၀၀)ခု၊ အောင်သီတာဈေး (ရွာကလေးဈေး)တွင် မတ် (၆၄၀၀)ခုနှင့် ဗိုလ်ချုပ်ဈေး မတ်(၅၁၅၀)ခုတို့ကို နိုဝင်ဘာလ (၂၁)ရက်နေ့မှ နိုဝင်ဘာလ(၂၇) နေ့အထိ မတ်အရေတွက်စုစု ပေါင်း (၁၅၉၅၀)ခုတို့ကို အခမဲ့ဖြန့်ဝေပေးနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


