ကျောက်ကြီး ၂၇ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ မြို့မစျေး၌ နိုဝင်ဘာ ၂၇ ရက် နေ့လည် ၁၂ နာရီက မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးခွန်ဆန်းမင်းထွန်း၊ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမိုးဝင်းထွန်း တို့ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စျေးကော်မတီအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူးမှ နတ်သံကွင်း မြို့မစျေး၌ စျေးရောင်းချနေသော စျေးသူစျေးသားများအား မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ဆေးဘူးနှင့် လောင်းကျွမ်းမီးငြိမ်းသတ်ပုံ၊ ဆီးမီးလောင်းကျွမ်းမှုကို မီးငြိမ်းသတ်ပုံများ၊ မီးသတ်ဆေးဘူး အသုံးပုံများအား ရှင်းလင်းပြောကြားသည်၊ ဆက်လက်ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးခွန်းဆန်းမင်းထွန်း က နတ်သံကွင်း မြို့မ စျေးသူ စျေးသားများနှင့် မိမိဝန်ထမ်းများ မီးဘေးကြိုတင်ကာကွယ်ရေး အသိ၊ သတိ ရှိစေရန်နှင့် စျေးသူ စျေးသားများ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် မီးဘေးကြိုတင် ကာကွယ်ရေး သရုပ်ပြပွဲပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် နတ်သံကွင်း စျေးအတွင်း စျေးပြင် မီးဘေးကြိုတင်ကာကွယ်ရေးအား ကြည့်ရှုစစ်ဆေးကာ နတ်သံကွင်း မြိုမစျေးအား သရုပ်ပြမီးငြိမ်းသတ်ခြင်း ဆောင်ရွက်ခဲ့ကြသည်။
နတ်သံကွင်း မြို့မစျေးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့တွင် မီးလောင်မှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် စျေးဟောင်းပျက်စီး ဆုံးရှုံးသွားပြီး၊ ယခုစျေးသစ်ကြီးအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် ဖြည့်စွက်ရန်ပုံငွေကျပ်သိန်း (၃၀၀၀)၊ စျေးသူ/စျေးသားများက ငွေကျပ်သိန်း (၂၅၀၀) စုစုပေါင်း ငွေကျပ်သိန်း (၅၅၀၀)ဖြင့် ပျံကျစျေးရုံ အပါအဝင်စျေးရုံ(၃)ရုံ၊ ဆိုင်ခန်းပေါင်း(၂၇၈)ခန်းပါရှိသော စျေးသစ်ကြီးအဖြစ်ပြန်လည် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း နတ်သံကွင်းမြို့မစျေး မှတ်တမ်းအရ သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


