မန္တလေး ၂၇  နိုဝင်ဘာ

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်စျေးများမှာ Mask တပ်ရန် တင်းကြပ်ထားသောကြောင့် COVID-19 ကူးစက်မှုကို ပြန်လည်ထိန်းချုပ်ထားနိုင်သည့် အနေအထားဖြစ်နေသည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

 

သို့သော်မန္တလေးမြို့ပေါ်မှာ ကိုဗစ်ကင်းစင်တဲ့ ရပ်ကွက်မရှိသလောက်ဖြစ်နေ၍ တက်နိုင်သမျှ နေအိမ်တွင်းနေထိုင်ကြရန် မြို့တော်ဝန် ဒေါက်တာရဲလွင်က သတိပေးထားသည်။

 

"ရောဂါဖြစ်ပွားမှုနှုန်း တိုးလာသလို သေဆုံးသူဦးရေလည်း ၇ ယောက်ကနေ ၂၄ ယောက်အထိ များလာပါတယ်။ ICU အထူးကြပ်မတ် ကုသပေးနေရတဲ့ လူနာတွေ များလာသလို အသက်အရွယ်မရွေး အခြားရောဂါမရှိသူတွေပါ အဆုပ်ပျက်စီးမှုတွေ တွေ့လာရပါတယ်"ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

ဖြိုးအိ