ဝေါ ၂၇ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ယမန်နေ့ နံနက်ပိုင်းက အလှူရှင်များမှ ကျန်းမာရေးသုံးပစ္စည်းများ လာရောက်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် မေတ္တာဇင်ယော်မောင်နှမများမှ YUWELL 5 Liter Oxygen Concentrator (၁)လုံး၊ မိတ္ထီလာအသင်း(ရန်ကုန်)မှ ကြီးမှူး၍ အသင်းသူ/ အသင်းသား စေတနာရှင်များစုပေါင်း၍ SALTUR LABS 10 Liter Oxygen Concentrator (၁)လုံး၊ ကိုဇော်ဇော်ထွေး+မအေးသီတာလွင် (14 th anniversary)အတွက် Powered Air Purifying Respirator(PAPR)- (၂)လုံးတို့အား လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင် က လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)


