သုံးခွ ၂၈ နိုဝင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးတွက် ယမန်နေ့ နံနက်ပိုင်းက စတင်၍ သုံးခွမြို့ပေါ် ရပ်ကွက်အသီးသီးမှ စက်သုံးဆီဆိုင်များနှင့် ဆီသယ်ယာဉ်များအား မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုအချိန်အခါသည် ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့နယ်ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်စေရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် တပ်ဖွဲ့၀င်များက စက်သုံးဆီဆိုင် ရောင်းချသော ဆီဆိုင်များတွင် မီးသတ်ဆေးဘူး များထားရှိခြင်းရှိ/ မရှိ၊ မီးငြိှမ်းသတ်ရာတွင် အထောက်အကူပြု ပစ္စည်းများဖြစ်သည့် သဲပုံး၊ ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ ထားရှိခြင်း ရှိ/မရှိနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် မီးလောင်လွယ်သည့် အမှိုက်သရိုက်များ ထားရှိမှု မရှိစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိခြင်းများကို လိုက်လံစစ်ဆေးခဲ့ပြီးနောက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


