ရန်ကုန် ၂၉  နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ ကျွန်းတောလမ်း Junction Square ဝန်းအတွင်းရှိ အဆောက်အဦအမှတ် (၁၁) (၄)လွှာတွင် ယနေ့ နေ့လယ် ၂ နာရီက  မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် မီးငြှိမ်းသတ်လျက်ရှိရာ နေ့လယ် ၂ နာရီ ၇ မိနစ် ခန့်တွင် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

#MRTV