လေရှီး နိုဝင်ဘာ ၂၉
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (VDP) စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် သိန်း ၁၀၀ ဖြင့် ကျေးရွာ ၁၀ ရွာ၊ (အရံ)အဖြစ် ကျေးရွာ ၂ ရွာ၊ စုစုပေါင်းကျေးရွာ ၁၂ ရွာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (VDP)စီမံကိန်း ကျေးရွာများရွေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက ဦးစားပေးရွေးချယ်ထားသော ကျေးရွာများမှာ ဆပ်ပြာကျေးရွာ၊ ကျဲကော့ကျေးရွာ၊ မြေနီကုန်းကျေးရွာ၊ တီးကွန်ကျေးရွာ၊ ဘန်းဂလားကျေးရွာ၊ ဝမ်းဘဲကျေးရွာ၊ လေယုံကျေးရွာ၊ ရွှေပြည်အေးကျေးရွာ၊ ဟိန်းကွတ်ကျေးရွာနှင့် မော်နွမ်းကျေးရွာတို့ဖြစ်ပါကြောင်း၊ (အရံ)ကျေးရွာအဖြစ် ဘုံဘားကျေးရွာနှင့် မွန်းကိုင်လင်ကျေးရွာများဖြစ်ပြီး၊ ယင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ (၁၂)ရွာမှ အိမ်ထောင်စု (၃၅)စုရှိ လူဦးရေ (၁၇၀)တို့ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်


