ဆော ၂၉ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်ရှိ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦးဖြစ်သည့် ငလယ်ခုံကျေးရွာမှ အသက် ၂၉ နှစ်အရွယ် သီလရှင်ဆရာလေးတစ်ပါးနှင့် လောင်းရှည်ဒေသမှ အသက် ၂၉ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့် ရရှိသူ(၂)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန်နှင့် တာဝန်ရှိသူများက ဆေးရုံဆင်းပြီးနောက် နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရန်နှင့် ကျန်းမာရေး ညွှန်ကြားချက်များအတိုင်း လိုက်နာရန်မှာကြားပြီး အားပေးစကားပြောကြားခဲ့သည်။
ဆောမြို့နယ်တွင် ယင်းဆေးရုံဆင်းခွင့်ရရှိသူ (၂)ဦးသည် ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာများဖြစ်ကာ ဆေးရုံဆင်း သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်မှုကြောင့် ဆေးရုံဆင်းခွင့်ပြုခြင်းဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။
ဇော်မျိုးသန့်(ဆော)


