ဘုတ်ပြင်း ၂၉ နိုဝင်ဘာလ
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာတွင် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
အုန်းတောကမ်းကျေးရွာတွင် နေထိုင်သည့် ဦးအောင်မင်းဦး၏ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်ရှိ ဆိုလာမီး (battery) ပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်သည့်နေအိမ်အား ရွာသူ ရွာသားများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါနေအိမ်မှ မိသားစုဝင်များအား ကျေးရွာအုပ်ချပ်ရေးမှူးနှင့် အဖွဲ့ဝင်များက နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ခေတ္တပြောင်းရွေ့နေရာချလျက်ရှိပြီး မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်မှု မရှိကြောင်းသိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)


